ဝန်ထမ်းအရေအတွက် အများအပြားနဲ့ အလုပ်လုပ်ရတဲ့ ရုံးလုပ်ငန်းများအတွက် Time Attendance ကို Terminal လေး တပ်ဆင်ထားခြင်း အားဖြင့် HR Department ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုပြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။ နိစ္စဓူဝ ရုံးတက်ရုံးဆင်း တက်ရက်၊ ပျက်ရက်၊ နောက်ကျ၊ စောပြန် စတာတွေကို Time Attendance Terminal ကို တာဝန်ယူမှတ်သား ထားခိုင်းလိုက်ပါ။
လူဦးရေ အရေအတွက် များပြီး တစ်ဆိုင်းထက် ပိုတဲ့ ဝန်ထမ်းများနဲ့ စီမံခန့်ခွဲမှု ရှုပ်ထွေးတတ်တဲ့ စက်ရုံ အလုပ်ရုံလို နေရာများမှာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု ဌာနအတွက် အကောင်းဆုံး အဖော်မွန်က Time Attendance Terminal ဖြစ်ပါတယ်။ လိုအပ်တဲ့ အဆိုင်းအလိုက် မတူတဲ့ ဝန်ထမ်းအရေအတွက်ကို ရုံးတက်၊ ရုံးဆင်း၊ နောက်ကျ၊ စောပြန် စတာတွေကို အေးအေးသက်သာ စီမံနိုင်ပါပြီ။
မတူညီတဲ့ ဌာနနဲ့ တည်နေရာတွေ အလိုက် ဝန်ထမ်းအရေအတွက် များပြားတဲ့ ကိုယ်ပိုင်ကျောင်း၊ နိုင်ငံတကာ ဘာသာရပ်များ သင်ကြားရာ တက္ကသိုလ်၊ ကောလိပ်များမှာ ဝန်ထမ်းများရဲ့ မတူညီတဲ့ အလုပ်တက်၊ ဆင်း၊ နားရက်၊ ခွင့်ရက်များကို မှတ်သားရယူပြီး စီမံခန့်ခွဲနိုင်ဖို့ ရိုးစင်းလွယ်ကူတဲ့ Time Attendance Terminal များ တပ်ဆင်ခြင်းဖြင့် အဆင့်မြှင့်တင်လိုက်ပါ။
ဝန်ထမ်းအရေအတွက် နည်းနည်းနဲ့ လုပ်ငန်းဆောင်တာများ အများအပြားကို ကိုင်တွယ် လုပ်ကိုင်ကြရတဲ့ SME များအတွက် အလုပ်တက်၊ဆင်း၊ နားရက်၊ အချိန်ပို စတာတွေကို စီမံခန့်ခွဲနိုင်ဖို့ မျက်နှာနဲ့ တွဲဖက် မှတ်သားနိုင်တဲ့ Time Attendance Terminal များ တပ်ဆင်ခြင်းဖြင့် အလုပ်ပိုမို ပြီးမြောက်စေနိုင်မှာ ဖြစ်ပါတယ်။
လုပ်ငန်းအတွက် အသေးစိတ်တိုင်ပင်နိုင်စေဖို့ ဒီနေရာကို နှိပ်ပါ