CCTV and Surveillance

စနစ်ပုံထုတ်၊ တပ်ဆင်မှုနဲ့ ပြင်ထိန်းလုပ်ငန်းများအတွက် စိတ်တိုင်းကျ ဝန်ဆောင်မှု

ရုံးခန်းအတွက် စီစီတီဗီ (CCTV for Office)

ရုံးဌာနများမှာ တပ်ဆင်တဲ့ လုံခြုံရေး ကင်မရာ စနစ်ဟာ လုပ်ငန်းရဲ့ အသက်သွေးကြော တစ်ခုပါ။ လုံခြုံရေးအတွက် အရေးကြီးသလို ရုံးတွင်း ဝန်ထမ်းများရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကိုလည်း တလေးတစား ထည့်သွင်းစဉ်းစားရပါတယ်။ တပ်ဆင်တဲ့ နေရာ အနေအထားနဲ့ မှတ်တမ်းတင်ထားမဲ့ သတင်းအချက်အလက် လုံခြုံမှုကို ဦးစားပေးရပါတယ်။


စျေးဆိုင်အတွက် စီစီတီဗီ (CCTV for Retail)

ဝန်ထမ်းများရဲ့ လုပ်ရည်ကိုင်ရည်ကို ပိုမို ကောင်းမွန်စေရေးအတွက် စောင့်ကြည့် အကဲဖြတ်ဖို့အတွက် အသုံးပြုနိုင်သလို လာရောက် ဝယ်ယူသူ စားသုံးသူများရဲ့ အကြိုက်၊ လုံခြုံရေးနဲ့ စိတ်ချမ်းမြေ့မှုအတွက် မိမိတို့ ဝန်ဆောင်မှု ပေးသူဖက်ကနေ အာမခံချက် ပေးနိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။


စက်ရုံအတွက် စီစီတီဗီ (CCTV for Factory)

ကုန်ထုတ်လုပ်ငန်းများရဲ့ အရည်အသွေးကို တိုးမြှင့်နိုင်စေရေး စောင့်ကြည့် အကဲဖြတ် သုံးသပ်မှု လုပ်ရာမှာ အရေးကြီးတဲ့ နေရာက ပါဝင်နိုင်သလို လုပ်ငန်းလုပ်ဆောင်ရာ နေရာများအတွက် အန္တရာယ်ကင်းရှင်းရေးနဲ့ လုပ်ရည်ကိုင်ရည် တိုးတက်ရေး အတွက် အချိန်ပြည့် သတင်းအချက် အလက် ပံ့ပိုးနိုင်ဖို့ အသုံးချနိုင်ပါတယ်။


ဘတ်စ်ကားအတွက် စီစီတီဗီ (CCTV for Transport)

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ပေးရာ ဘတ်စ်ကားများ၊ အများပြည်သူသုံး အဝေးပြေးယာဉ်များ၊ ရထားများမှာ စောင့်ကြည့်ကင်မရာ တပ်ဆင်ခြင်းအားဖြင့် ခရီးသွား ပြည်သူများရဲ့ ယုံကြည်စိတ်ချမှုကို ပိုမို တိုးမြင့်စေရုံမျှမက ရေရှည် လုပ်ငန်းအောင်မြင်ဖို့အတွက်လည်း အရေးကြီးတဲ့ အထောက်အကူ တစ်ခုဖြစ်စေပါတယ်။


စာသင်ခန်းအတွက် စီစီတီဗီ (CCTV for Classroom)

တက်ရောက်တဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမို လုံခြုံတဲ့ ခံစားမှု ပေးစွမ်းနိုင်သလို အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ ဖြစ်ပွားတိုင်းမှာလည်း တိကျ ခိုင်မာတဲ့ ရုပ်သံမှတ်တမ်း ထုတ်ပြ စစ်ဆေးခံနိုင်ခြင်း အားဖြင့် မိမိတို့ ကျောင်းရဲ့ ဂုဏ်သတင်းကို ပိုပြီး ကျယ်ပြန့်အောင်မြင်အောင် တည်ဆောက်နိုင်ပါတယ်။


အကျဉ်းထောင် အချုပ်ခန်းများအတွက် စီစီတီဗီ (CCTV for Jail and Prison)

တရားရုံးနဲ့ အချုပ်ခန်းများအတွက် အရည်အသွေး ကောင်းမွန် ကြည်လင် ပြတ်သားတဲ့ ဗီဒီယို မှတ်တမ်း ထားရှိနိုင်ခြင်းဟာ လူ့အခွင့်အရေးနဲ့ စပ်လျဉ်းတဲ့ အငြင်းပွားမှုတွေ ဖြေရှင်းရာမှာ အများကြီး အထောက်အကူ ပြုတဲ့အတွက် အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်များ ရွေးချယ် တပ်ဆင်ဖို့ အရေးကြီးပါတယ်။



လုပ်ငန်းအတွက် အသေးစိတ်တိုင်ပင်နိုင်စေဖို့ ဒီနေရာကို နှိပ်ပါ