Structured Cabling

စနစ်ပုံထုတ်၊ တပ်ဆင်မှုနဲ့ ပြင်ထိန်းလုပ်ငန်းများအတွက် စိတ်တိုင်းကျ ဝန်ဆောင်မှု

Cable Infrastructure for An Office

သတင်းနည်းပညာခေတ် ရုံးခန်းများအတွက် သတင်း အချက်အလက်များ ဖြတ်သန်းစီးဆင်းရာ ပင်မ သွေးကြော ဖြစ်တဲ့ Data Network တည်ဆောက်မှု Structured Cabling စနစ်ဟာ လုပ်ငန်းအတွက် အရေးကြီး အရင်းအမြစ်တစ်ခု ဖြစ်တဲ့အတွက် စနစ်ကျတဲ့ Structured Cabling စနစ်ကို တည်ဆောက်ဖို့ အရေးကြီးပါတယ်။ လိုအပ်တဲ့ Data Bandwidth နဲ့ လိုက်ဖက်ညီတဲ့ Wired and Wireless Network တည်ဆောက်နိုင်မှုက လုပ်ငန်းအောင်မြင်မှုရဲ့ အဓိကလို့ပင် ဆိုနိုင်ပါတယ်။


Cable Infrastructure for A Factory

စက်ရုံ၊ အလုပ်ရုံများအတွက် ကြိုးဖြင့် ဆက်သွယ်သော ရုံးသုံး သတင်းနည်းပညာ ကိရိယာများ ကောင်းမွန်စွာ အလုပ်လုပ်စေရေး၊ ထုတ်လုပ်ရေး လုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများ ကောင်းမွန်စွာ အရှိန်အဟုန်မပျက် အလုပ်လုပ် လည်ပတ်နိုင်ရေးနဲ့ အခြားသော လုံခြုံရေး ဆိုင်ရာ၊ မီးဘေး အန္တရာယ် ကင်းရှင်းရေး အစီအမံများ ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေရေးအတွက် ပင်မ အသက်သွေးကြော Structured Cabling Network ကောင်းမွန်စွာ တည်ဆောက်နိုင်ရေး အရေးကြီးပါတယ်။


Cable Infrastructure for A School

သင်ကြားမှု၊ သင်ယူမှု လုပ်ငန်းသုံး ကိရိယာများ၊ ကျောင်းလုပ်ငန်းသုံး သတင်းနည်းပညာဆိုင်ရာ ကိရိယာများ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိရိယာများ၊ စီမံခန့်ခွဲမှု လုပ်ငန်းသုံး သတင်းဆက်သွယ်ရေး နည်းပညာဆိုင်ရာ ကိရိယာများ ကောင်းမွန်စွာ အချိတ်အဆက်မိမိ အကြားအလပ်မရှိ အလုပ်လုပ်နိုင်စေရေးအတွက် Structured Cabling Network ကောင်း တစ်ခု မဖြစ်မနေ ရှိသင့်ပါတယ်။


Cable Infrastructure for A Hospital

ကျန်းမာရေး ဝန်ဆောင်မှု ပေးရေး လုပ်ငန်းဆိုင်ရာ နည်းပညာမြင့် ကိရိယာများ၊ စားသုံးသူများအတွက် လိုအပ်တဲ့ ဝန်ဆောင်မှု ဆိုင်ရာ နည်းပညာသုံး ပစ္စည်းများ၊ ရုံးလုပ်ငန်း စီမံခန့်ခွဲမှု ကဏ္ဍသုံး သတင်းနည်းပညာ ကိရိယာများ အားလုံးအတွက် အခြေခံ ကျတဲ့ အရည်အသွေးမြင့် Structured Cabling စနစ် မရှိမဖြစ် ရှိဖို့ လိုအပ်ပါတယ်။


Cable Infrastructure for A Hotel

မီးခိုးမထွက်တဲ့ စက်ရုံ အတွက် ဧည့်သည်များရဲ့ စိတ်ကျေနပ်မှုကို အပြည့်ဝဆုံး ရစေနိုင်ဖို့ လုပ်ငန်းကို အရည်အသွေး အပြည့် လည်ပတ်နိုင်စေဖို့၊ ဆက်သွယ်ရေး ကွန်ယက် ကောင်းမွန်စွာ အလုပ်လုပ်စေနိုင်ဖို့ လုပ်ငန်း လည်ပတ်မှု မစတင်ခင်မှာပဲ အရည်အသွေးကောင်းမွန်တဲ့ Data Network တစ်ခု ရှိနေဖို့ အရေးကြီးပါတယ်။


လုပ်ငန်းအတွက် အသေးစိတ်တိုင်ပင်နိုင်စေဖို့ ဒီနေရာကို နှိပ်ပါ