Public Addressing System

စနစ်ပုံထုတ်၊ တပ်ဆင်မှုနဲ့ ပြင်ထိန်းလုပ်ငန်းများအတွက် စိတ်တိုင်းကျ ဝန်ဆောင်မှု

PA System for A Shopping Mall

စျေးဝယ်စင်တာများအတွက် သတင်းကြေငြာချက်တွေ၊ လျှော့စျေးနဲ့ စျေးကွက်မြှင့်တင် ဖော်ထုတ်ရေး ပရိုမိုးရှင်းများ အကြောင်း အများသိစေရန် ကြေငြာချက်တွေ အချိန်နဲ့ တပြေးညီ ထုတ်ပြန် ကြေငြာပေးနိုင်စေဖို့ အသံအရည်အသွေးကောင်းမွန်သော PA စနစ် တပ်ဆင် အသုံးပြုကြပါတယ်။ ပုံမှန် ကြေငြာချက်တွေကို ကြိုတင် အသံသွင်းထားခြင်းဖြင့်လည်း အချိန်နဲ့ အမျှ အကြိမ်များစွာကို သက်တောင့်သက်သာ ထုတ်လွှင့်နေနိုင်မှာ ဖြစ်ပါတယ်။


PA System for A Factory

ဝန်ထမ်းအင်အား များပြားပြီး လုပ်ငန်းခွင် ဧရိယာ ကြီးမား ကျယ်ပြန့်တဲ့ ဆူညံသံ အများအပြား ရှိနေပြီး ဖြစ်တဲ့ စက်ရုံ ဝန်းကျင်လို နေရာများအတွက် အချိန်နဲ့ တပြေးညီ ကြေငြာချက်များ၊ အရေးပေါ် အခြေအနေမှာ အန္တရာယ်ကင်းဝေးစေရေး ကြေငြာချက်များကို အသံအရည်အသွေး ကောင်းမွန်တဲ့ စနစ် တည်ဆောက်ပြီး အသုံးပြု ကြေငြာစေခြင်း လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းလည်ပတ်မှု အရည်အသွေးကို များစွာ အထောက်အကူ ပြုစေပါတယ်။


PA System for A School

ကြီးမားကျယ်ပြန့်တဲ့ ကျောင်းဝင်းများအတွက် ယာဉ်ကြောထိန်းသိမ်းရေးအတွက် ကျောင်းကြို ကျောင်းပို့ ကားများ လိုအပ်သလို စီမံနိုင်စေဖို့ ကြေငြာချက်များမှ အစပြုပြီး ကျောင်းကစားကွင်းများ၊ စုဝေးရာ ခန်းမဆောင်များမှာ လိုအပ်တဲ့ ကြေငြာချက်များ လိုသလို ထုတ်ပြန်ကြေငြာပေးစေနိုင်ဖို့ PA System ကို တည်ဆောက် အသုံးပြုကြပါတယ်။


PA System for Hospital

ကျန်းမာရေး ဝန်ဆောင်မှု ပေးရာ ဆေးရုံဆေးခန်းများမှာ လာရောက် ကုသမှု ခံယူရာ လူနာများနှင့် ဧည့်သည် လူစုလူဝေးများကို လိုအပ်တဲ့ သတင်းအချက်အလက်များ အချိန်နဲ့ တပြေးညီ ထိရောက်စွာ ဖြန့်ဝေပေးစေနိုင်ဖို့အတွက်နဲ့ သာယာငြိမ့်ညောင်းသော တေးဂီတသံများကို ဖွင့်လှစ် ပေးစေနိုင်ဖို့ စတဲ့ ဦးတည်ချက်များအတွက် အရည်အသွေးမြင့် PA System များ တပ်ဆင်လေ့ရှိကြပါတယ်။


PA System for Car Park

ကြီးမား ကျယ်ပြန့်တဲ့ ယာဉ်ရပ်နားဝန်းများအတွက် လိုအပ်တဲ့ ကြေငြာချက်များ ထိရောက်စွာ ဖြန့်ဝေပေးစေနိုင်ဖို့ အသံအရည်အသွးကောင်းမွန်သော PA System များ တပ်ဆင်ခြင်းအားဖြင့် စီမံခန့်ခွဲမှုကို ပို၍ ထိရောက် ချောမွေ့စေရုံမျှမက လုပ်ငန်းလုပ်ဆောင်ရမှုကို ပို၍ အကျိုးရှိစေမှာ ဖြစ်ပါတယ်။


လုပ်ငန်းအတွက် အသေးစိတ်တိုင်ပင်နိုင်စေဖို့ ဒီနေရာကို နှိပ်ပါ