အစည်းအဝေးခန်းမများအတွက် အသံစနစ် တည်ဆောက်ရာမှာ ကြည်လင်ပြတ်သားသော အသံ ဖမ်းယူနိုင်မှု၊ ဖမ်းယူရရှိသော အသံများကို ကြည်လင် ပြတ်သားစွာ ရောစပ်၊ ခွဲခြမ်းနိုင်မှု၊ လိုအပ်သော အသံစိစစ်ရွေးချယ်မှုနဲ့ လိုအပ်သော အသံပြန်လည် ထုတ်လုပ်ရေး စနစ်အသုံးပြုပြီး တစ်ခန်းလုံးရှိ ပါဝင် တက်ရောက် ဆွေးနွေးသူများ ကြည်လင် ပြတ်သားသော အသံကို ကောင်းမွန်စွာ ကြားနိုင်၊ နားလည်နိုင်အောင် ပြန်လည် ထုတ်လုပ်နိုင်မှုတို့အတွက် စနစ်ကျသော အသံစနစ်ကို တည်ဆောက်နိုင်စေရေး အရေးကြီးပါတယ်။
ဆွေးနွေးကြမဲ့ အကြောင်းအရာ သတင်းအချက်အလက်ကို ဖလှယ်ရေးမှာ တစ်ခန်းလုံးမှာ ပါဝင်တက်ရောက်ကြသူများ အားလုံး ကြည်လင် ရှင်းလင်းစွာ မြင်ကြားနိုင်စေဖို့ ရုပ်သံနည်းပညာ အကူအညီနဲ့ မြင်နိုင်စွမ်းကို အထောက်အကူ အပြည့်အဝပြုသော အရုပ်ထုတ်လုပ်မှု နည်းပညာကို စနစ် တကျ တည်ဆောက်နိုင်စေရေး အရေးကြီးပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာပါ ရုပ်ပုံ၊ ရုပ်သံ စတာတွေကို အားလုံး နားလည်နိုင်စေရေးအတွက် တင်ပြမဲ့ အရုပ်ဖော်နည်းပညာ အရ ပရိုဂျက်တာနဲ့ ပြသမလား၊ တီဗီမျက်နှာပြင်ပေါ်မှာ တင်ပြမလား၊ LED လို နည်းပညာမြင့် မျက်နှာပြင်ပေါ်မှာ တင်ပြမလား၊ တပ်ဆင်မှုလိုအပ်ချက်အတိုင်း သင့်တင့်မှန်ကန်တဲ့ တပ်ဆင်မှု ရွေးချယ်နိုင်ရေး အရေးကြီးပါတယ်။
ကမ္ဘာအနှံ့ မတူညီတဲ့ နေရာတွေမှာ ရှိနေကြတဲ့ ဆွေးနွေးဖက်များစွာကို တစ်နေရာတည်းမှာ ဆွေးနွေးကြသကဲ့သို့ အကြားအလပ် မရှိ ဆွေးနွေးငြင်းခုံနိုင်စေဖို့၊ လုပ်ငန်းများ တဆက်တစပ်တည်း ရှိနေသကဲ့သို့ သတင်းအချက်အလက်များ ဖလှယ်နိုင်စေဖို့အတွက် အစည်းအဝေးသုံး Conferencing နည်းပညာ ရွေးချယ်မှု အရေးပါလှပါတယ်။ ဆက်သွယ်မှုကွန်ယက်ပေါ်မှာ မှီတည်ပြီး အလုပ်လုပ်ကြရာမှာ သတင်းအချက်အလက် ဖြတ်သန်းစီးဆင်းမှု နှောင့်နှေးကြန့်ကြာမှု မရှိစေရေး အထူး အလေးပြုတည်ဆောက်ထားတဲ့ Conferencing စနစ်နဲ့မှသာ စိတ်ပူပန်ကင်းသော အစည်းအဝေးပေါင်းများစွာ သက်တောင့်သက်သာ ကျင်းပနိုင်ကြမှာ မလွဲပါ။
အသံစနစ်၊ အရုပ်စနစ်၊ အစည်းအဝေးသုံး Conferencing စနစ်၊ အခန်းတွင်းသုံး အလင်းပေး မီးစနစ်၊ အအေးပေးစနစ် စတာတွေဟာ ထိန်းချုပ်မှု စနစ် တစ်ခုချင်းစီ ပြန့်ကြဲကွဲပြားစွာ ရှိနေခြင်းဟာ အစည်းအဝေး ကျင်းပရာ အချိန်တွင်းမှာ အစည်းအဝေး ဦးဆောင်စီစဉ် ကျင်းပသူများအတွက် ရံဖန်ရံခါမှာ ခေါင်းခြောက်စေတဲ့ အကြောင်းများစွာ ထဲက တစ်ခု ဖြစ်တတ်ပါတယ်။ ဒီအတွက် စနစ်များ အားလုံးကို စုပေါင်းထိန်းချုပ်နိုင်တဲ့ ထိန်းချုပ်ကွပ်ကဲ စနစ်တစ်ခုတည်းက စီမံခန့်ခွဲပြီး Control application တစ်ခုတည်းက ထိန်းချုပ်နိုင်စေခြင်းဖြင့် စွမ်းဆောင်ရည်မြင့် အစည်းအဝေး တစ်ခုကို စိတ်အေးသက်သာ ကျင်းပနိုင်စေမှာ မလွဲပါ။
မတူညီတဲ့ သတင်းအချက်အလက် နည်းပညာသုံး ဆက်သွယ်ရေး ကိရိယာများ အားလုံးအတွက် ကြိုးမဲ့နဲ့ ကြိုးဖြင့် ဆက်သွယ်သော ဆက်သွယ်ရေး စနစ် ပင်မ စီးဆင်းရာ Data Network ကောင်း တစ်ခု ရှိနေခြင်းဟာ အစည်းအဝေးခန်း တစ်ခုအတွက် အကောင်းဆုံး လာဘ်လာဘ တစ်ခု ဖြစ်နေမှာ အမှန်ပါ။ စီးပွားရေး လုပ်ငန်းများအတွက် ရလဒ်ကောင်းများစွာကို ထွင်းဖောက် ဖော်ထုတ် အောင်မြင်အောင် လုပ်ဆောင်နိုင်စေရေးအတွက် ပင်မသွေးကြော ဖြစ်တဲ့ Data Network ကောင်း တစ်ခု တည်ဆောက်ခြင်းဖြင့် လာဘ်လာဘ ရင်းမြစ်တစ်ခု ပိုင်ဆိုင်ရရှိစေမှာ မလွဲဧကန်ပါ။
လုပ်ငန်းအတွက် အသေးစိတ်တိုင်ပင်နိုင်စေဖို့ ဒီနေရာကို နှိပ်ပါ