အိမ်ယာများရဲ့ အဝင်အထွက် ဂိတ်တံခါးကို Boom Arm Barrier တပ်ဆင်ခြင်းဖြင့် လုံခြုံရေး စနစ် အဆင့်မြှင့်နိုင်ခြင်း၊ လူပါဝင်သော ဝန်ထမ်းအင်အား အသုံးချမှု လျှော့ချနိုင်ခြင်း၊ ဗဟို တစ်နေရာတည်းမှ ထိန်းချုပ်၍ အဝင်အထွက်ကို ကြီးကြပ်နိုင်ခြင်း စတဲ့ အကျိုးများ ရရှိစေမှာ ဖြစ်ပါတယ်။
ယာဉ်အဝင်အထွက် များပြားပြီး ယာဥ်ရပ်နားချိန် ကြာချိန်ကို လိုက်၍ ထိန်းချုပ် လုပ်ဆောင်စေသော မောင်းတံစနစ်ကို စျေးဝယ်စင်တာများမှာ တပ်ဆင်ခြင်းအားဖြင့် လူဖြင့်ထိန်းချုပ် မောင်းနှင်သော မောင်းတံ စနစ်ထက် ဖြတ်သန်းသွားလာသော ယာဉ်ကြောကို ပိုမို အဆင်ပြေစွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ယာဉ်ရပ်နားကွင်းတွေမှာ တပ်ဆင်တဲ့ခါ ယာဉ်ဝင်ထွက်ရာ လမ်းကြောင်းနဲ့ ကိုက်ညီတဲ့ မောင်းတံ အဖြောင့် တစ်ချောင်းတည်း ဖြစ်စေ၊ ယာဉ်ကြော အကျယ်များအတွက် လက်မောင်းကွေး စနစ်ပါဝင်တဲ့ မောင်းတံ ဖြစ်စေ ရွေးချယ် တပ်ဆင်ကြလေ့ရှိပြီး၊ မောင်းတံစနစ်ကိုပဲ ရပ်နားနိုင်တဲ့ အစီးအရေအတွက် ရေတွက်တဲ့ စနစ်ပါ တွဲစပ် တပ်ဆင်ကြလေ့ရှိပါတယ်။
အဖွင့်အပိတ် အကြိမ်အရေအတွက် အများအပြားလုပ်ဆောင်ရလေ့ရှိတဲ့ အဝေးပြေး တိုးဂိတ်တွေမှာ တပ်ဆင်တဲ့ Boom Arm Barrier ကို အရည်အသွေးကောင်းမွန်တဲ့ မော်တာ၊ လှုပ်ရှားမှု စနစ် စတာတွေနဲ့ ရာသီဉတုဒဏ်ခံနိုင်တဲ့ စနစ်မျိုး ရွေးချယ် တပ်ဆင်ခြင်းအားဖြင့် စိတ်ပူပန်မှု ကင်းဝေးတဲ့ လုပ်ဆောင်မှု စနစ်များ ရရှိစေမှာ ဖြစ်ပါတယ်။
လုပ်ငန်းအတွက် အသေးစိတ်တိုင်ပင်နိုင်စေဖို့ ဒီနေရာကို နှိပ်ပါ